Aug 26, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဦးကင်းကြည်ကျေးရွာကို ဩဂုတ် ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့် ၎င်းကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 26, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။
Aug 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Aug 26, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၅-၈-၂၀၂၄)ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Aug 26, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တောင်ကြီး - နောင်ကားလမ်းခွဲ- ပင်းပက် ရထားလမ်းပိုင်း၊ အဆင့်မြှင့်တင်ပြုပြင်ထားသည့် တောင်ကြီး - ပေါမူ - အေးသာယာ- ရွှေညောင် ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ၊ တံတားနှင့်တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် အဆိုပါရထားလမ်းပိုင်းရှိ ထီသိမ်အဝိုင်းပတ် တံတားနှင့်အဝိုင်းပတ်ရထားလမ်းထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 26, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Aug 26, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ဆက်လက်ကျင်းပသည်။
Aug 26, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်ဆီပုံး ၁၀၀ အပါအဝင် စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၇၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 26, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်နံနက်ပိုင်းက ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာဌာနကြီးမှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကန်အမှတ် (၁) အနီး ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်ရှိ ရေမြောင်းများနှင့် အဓိကရေထွက်ပေါက်နေရာအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများဖြင့် သဲနုန်းများဆယ်ယူရှင်းလင်းခြင်း၊ မြက်ချုံနှင့်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်းမပေါ်သို့ ရေတင်ရေဝပ်ခြင်းများမရှိစေရေး ရေဆင်းမြောင်းများ ရေစီးရေလာပိုမိုကောင်းမွန်ရန်အတွက် တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Aug 26, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံ၏ အလုံပိတ်စနစ်ဖြင့် ကြက်ကောင်ရေခြောက်သောင်းခန့် မွေးမြူလုပ်ကိုင်နေမှုနှင့် ကြက်ဥများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
Aug 26, 2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေ ကျဆင်းမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလိုက်ချောင်းအတွင်း ရေမြင့်တက်မှုကြောင့်ပါရှိလာသည့် အမှိုက်များအား အမြန်ဆုံးရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။
Aug 26, 2024
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် ထိုင်းနိုင်ငံ ဘူရီယမ်မြို့ရှိ Modena ဟိုတယ်မှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့်အတူ ဘူရီယမ်မြို့ရှိ Khao Phnom Rung ရှေးဟောင်းဒေသနှင့် Prasat Meaung Tam ရှေးဟောင်းဒေသသို့ သွားရောက်လေ့လာပြီး ထိုင်းနိုင်ငံပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
Aug 26, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့မွန်းလွဲပိုင်းက ကမ္ဘာအေးဟံသာသီရိကုန်းမြေသို့သွားရောက်၍ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ပြီးဖြစ်သော ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်နှင့် ကပ္ပိယကျောင်းဆောင်များအတွင်းရှိ ရဟန်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Aug 26, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွာစွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေတနာရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများကလည်း ပါဝင်လှူဒါန်းရန်အတွက် မွန်မြတ်သည့်စိတ်စေတနာဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး ကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက်နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Aug 26, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Aug 26, 2024
မြန်မာနိုင်ငံသည် ၁၁ ရာစုတွင် ပုဂံသို့ထေရဝါဒဗုဒ္ဓသာသနာရောက်ရှိပြီးနောက် ပိဋကတ်စာပေကိုအခြေပြုပြီး မြန်မာစာပေထွန်းကားလာသောနိုင်ငံဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက် ဗုဒ္ဓစာပေကိုအခြေပြုရေးဖွဲ့သော စာပေအမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွန်းလာခဲ့သည်။ ခေတ်အဆက်ဆက်၌ ခေတ်ကိုထင်ဟပ်သည့် စာပေများဖြင့် အကျိုးပြုခဲ့သည်။ မြန်မာတို့စည်းလုံးညီညွတ်ရေး၊ မျိုးဆက်သစ်လူငယ်များ အားမာန်ပြည့်ဝလာရေး၊ ဇာတိမာန်လှုံ့ဆော်ရေး၊ ဘဝကိုဆင်ခြင်သုံးသပ်နိုင်ရေး၊ ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရေး အားပေးခဲ့သည်။
