Skip to main content

Aug 11, 2024

တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အဋ္ဌမပုံမှန်အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ပေါ်တွင် ယခင်ရက်များအတွင်း လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု၊ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အကြောင်းရင်းမှာ ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းကြောင့် အရောင်းဆိုင်အချို့သို့ ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမျိုးအစားအချို့ ယာယီပြတ်လပ်မှုဖြစ်ပေါ်စေမည်ဟူသော ပြည်သူများ၏ စိုးရိမ်စိတ်ကြောင့် အရောင်းဆိုင်ကြီးများ၌ စက်သုံးဆီဝယ်ယူမှု ယခင်ကထက် အဆမတန် များပြားလာမှုကြောင့် ယာဉ်တန်းစီမှုများ ဖြစ်ပေါ်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မလိဝမ်းရွှေဖြူ ရော်ဘာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူက ရော်ဘာစေးမှ မှိုင်းခံရော်ဘာပြား (Ribbed Smoked Sheet - RSS) ရော်ဘာကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရော်ဘာစေးအထွက်တိုးအောင် ဆောင်ရွက်ရန်၊ မှိုင်းခံရော်ဘာပြားများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်စွမ်းအားပြည့် အသုံးပြုထုတ်လုပ်ရန်၊ ပြည်ပနိုင်ငံများသို့ ရော်ဘာများ ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်တာဝန်ပေး

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို မလိုလားသည့် NUGGETS Viber Group အပါအဝင် အဖျက်သမားများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များစသည်ဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံခြားငွေဈေးနှုန်းများသတ်မှတ်ခြင်း၊ တရားမဝင်ရောင်းဝယ်နေခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၉-၈-၂၀၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် (၁၀) ကြိမ်မြောက် ကျင်းပပြုလုပ်သည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (10th International Military-Technical Forum (Army-2024) သို့ တက်ရောက်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ဩဂုတ် ၉ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Center ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ဘူတာကြီး မြို့ပတ်ရထားရပ်နား၊ ထွက်ခွာသည့်စင်္ကြံအား DEMU ရထားတွဲဆိုင်းများဖြင့် လိုက်လျောညီထွေဖြစ်စေရေး ပြန်လည်မွမ်းမံ တည်ဆောက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရေး၊ ခရီးသည်များ ရထားပေါ်တက်/ ဆင်းမှု အဆင်ပြေစေရေး၊ စင်္ကြံ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု စနစ်တကျဖြစ်စေရေး လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ်လွန်ကာလမှစ၍ ယနေ့ထက်တိုင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ်ကို ထုတ်လုပ်သူနှင့် စားသုံးသူအတွက် ဆွဲဆောင်မှုမက်လုံးများပေးနိုင်သောစနစ်၊ အစိုးရကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးသောစနစ်စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း လိုရင်းအချက်မှာ စီးပွားရေးကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့် စနစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2024

ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” “From Click To Progress : Youth Digital Pathways For Sustainable Development ” ဟူ၍ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ဆရာဒကာဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်း (၄) ပါး ပြည့်စုံစေရေးအတွက် အခါအားလျော်စွာ အလှူငွေနှင့် ဝတ္ထုပစ္စည်းများ လှူဒါန်းဆက်ကပ်လျက်ရှိရာ ယနေ့နံနက်တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း အမှိုက်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်း (၁၀၀) ဦးခန့်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ တစ်ရက်တာ ဆွမ်းစရိတ်နှင့် ဝါဆိုသင်္ကန်းအလှူတော်အတွက် အလှူငွေ ကျပ်သိန်း (၂၀) အား ရတနသိဒ္ဓိကျောင်းတိုက် ဆရာတော်ထံ လှူဒါန်းဆက်ကပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2024

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက် ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်