Aug 09, 2024
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၁၇/၂၀၂၃)၊ ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး တက်ရောက်သည်။
Aug 09, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ခန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Aug 09, 2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၄)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ပြန်တမ်းဝင် အရာရှိအဆင့် (စတင်ခန့်) စာမေးပွဲများနှင့် အခြားဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်၊ သိရှိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သောစာအုပ်ဖြစ်ပါသည်။
Aug 09, 2024
အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆု၊ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ဆုရရှိသူများစာရင်းကို ဇွန်လ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါ ဆုရရှိသူများအား ချီးမြှင့်မည့်အခမ်းအနားကို ဩဂုတ်လ ၂၄ ရက် နံနက်(၁၀:၀၀)နာရီတွင် အမှတ်၂၂၈၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆုချီးမြှင့်ခံရသူများကို အခမ်းအနားတက်ရောက်ရန် နှိုးဆော်ထားပြီး အသေးစိတ်သိရှိလိုပါက စာပေဗိမာန်ရုံး၊ စီမံရေးရာဌာန၊ ဖုန်း ၀၁ - ၈၃၈၁၄၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
Aug 09, 2024
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Aug 09, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 09, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်ကစွန့်လွှတ်ကြောင်းတင်ပြလာသည့် စင်ကာပူနိုင်ငံထုတ် ဓာတ်ခွဲခန်းသုံးအမွှေးနံ့သာဆီနမူနာ Fragrance Oils ၄၄ ဘူး၊ United Kingdom နိုင်ငံထုတ် Engine Generator Controller တစ်ခု (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၁၁၉၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 09, 2024
၂၀၂၄ ခုနှစ်အတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
Aug 09, 2024
စပါး-ငါးပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒဝန်ဆောင်မှု တန်ဖိုးအပေါ်လေ့လာမှုအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Aug 09, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
Aug 09, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သြဂုတ် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါး၏ ရေထွက်လမ်းကြောင်းတစ်လျှောက် တိုင်းတာစစ်ဆေးရန်၊ ရေတံခါးတွင် နုန်းမတင်စေရန်အတွက် ရေတံခါးဖွင့်-ပိတ်ဇယား ရေးဆွဲဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိမိတို့ဌာနမှ ထိန်းသိမ်းထားသည့် ဒဂုံမြို့သစ် မြို့နယ်များရှိ ရေတံခါးများ ရေထွက်ပေါက်များ၏ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
Aug 09, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုက်ပွဲဖော်ဆောင်ပြီး တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးရကြောင်း ဝမ်းနည်းစွာကြား သိရပါသည်။
Aug 09, 2024
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။
Aug 09, 2024
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Aug 09, 2024
ASEAN Sports Day အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အပြေးအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြသည်။
Aug 09, 2024
(၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ National Convention Center ၌ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 09, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပေးနေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းများနှင့် မိသားစုများ၊ စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 09, 2024
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆေးဖက်ဝင်ပရဆေးပင်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
Aug 09, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရေမြေတောတောင်သဘာဝနှင့် လူမျိုးအားဖြင့် ကွဲပြားကြသော်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည့် စီးပွားရေးမှာမူခွဲခြား၍မရပေ။ လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ၏ပင်ကိုသဘာဝတို့အရ နိုင်ငံသားတိုင်းသည် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရကြသည်။
Aug 09, 2024
ကယားပြည်နယ် လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းမှုတိုးတက်ရရှိလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ကို သတင်းများတွင် တွေ့မြင်ရသည်။ လက်နက်ကိုင်သောင်းကျန်းမှုများ၊ အဖျက်အမှောင့်လုပ်ရပ်များက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီး ဆုံးရှုံးစေသည်။
