Skip to main content

Oct 04, 2025

ဆေးတက္ကသိုလ်- တောင်ကြီး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့ ဆေးတက္ကသိုလ်-တောင်ကြီး ပင်မဆောင် ဥပစာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက် တိုးရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

သာသနာ‌‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက်ဓမ္မာရုံအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို မကြာမီကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

ကာဇက်စတန်သမ္မတနိုင်ငံအက်စ်တာနာမြို့၌ အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသော ပထမအကြိမ်  ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကောင်စီအစည်းအဝေးနှင့်ဆဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ်ပေါင်းကူးတံတားထူထောင်ရေးဆိုင်ရာနိုင်ငံတကာဖိုရမ်(၂၀၂၅)သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး(၃/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊  နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂ ရက်နေ့က ပြင်ဦးလွင်ဘူတာကြီးသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်  ဂုတ်ထိပ်တံတားပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း   စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2025

အနောက်ကမ္ဘာတွင် အသံဗလံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိရာ အဓိကပြဿနာမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများပေါ်တွင် အခြေခံသည်။ ထို့အပြင် ကမ္ဘာကို လစ်ဘရယ်အယူအဆများ အတင်းကာရောတင်ပို့နေကြသည့်နိုင်ငံများ ကိုယ်ဖော်သည့်ဆေးကိုယ်ပြန်မစားနိုင်ခြင်းဖြစ်ပြီး နောက်ထပ်ပြဿနာတစ်ခုမှာ နိုင်ငံအတွင်းမူလတည်ရှိနေသည့် ယဉ်ကျေးမှုနှင့် နောက်မှဝင်ရောက်လာသည့်ယဉ်ကျေးမှုတို့အကြား ဝိရောဓိများဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုနှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၃၀ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်သူ့ဆေးရုံ ကလောမြို့သို့ရောက်ရှိ၍ ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ရှိ Synthetics မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်ပြီးစီးမှုနှင့် Syn-thetics မီတာ ၄၀၀ ပြေးလမ်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းနှင့် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ARA Academy နှင့် Dual Tech Vocational Training Institute တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်နေသည့် ရုရှားဘာသာစကားနှင့် အပူပေးစနစ်/ လေအေးပေးစနစ်သင်တန်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်