Jul 05, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင် ၂ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို သွားရောက်ကြည့်ရှုကြသည်။
Jul 05, 2026
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)မှ သိရသည်။
Jul 05, 2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး (၈)ထပ် ကလေးကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်ကို ဖွင့်လှစ်ပေးသည်။
Jul 05, 2026
လာအိုနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာ-လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ခြေစူးစမ်း လေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူ စာချုပ်ကို ယနေ့လက်မှတ်ရေးထိုးကြသည်။
Jul 05, 2026
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
Jul 05, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ၌ ကျင်းပသည်။
Jul 05, 2026
၂၀၂၆ ခုနှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန် ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။
Jul 05, 2026
လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့တွင် လာအိုနိုင်ငံအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး Mr. Phoxay Sayasone နှင့် အဆိုပါဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jul 05, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့သည် လာအိုသမ္မတအိမ်တော်၌ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။
Jul 05, 2026
ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၃ ဒသမ ၄ ဘီလီယံကျော်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်ဟုဆိုသည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကြိုးပမ်းဆောင်ရွက်နေကြရခြင်းအပေါ် ကမ္ဘာတစ်ဝန်းလုံးက သတိတရနှင့် အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” (World Rural Development Day) အဖြစ် ကျင်းပရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံတွင် ချမှတ်ခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ၂၀၂၅ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုနှစ်သည် ဒုတိယမြောက်နှစ်ပင် ဖြစ်သည်။
Jul 04, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းများတက်ရောက်ပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄)မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဇူလိုင်လ ၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့ လည်းကောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်း စေလွှတ်ခဲ့ပြီးဖြစ်သည်။
Jul 04, 2026
NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ၎င်းတို့အလိုကျ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်မှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ စိုးမိုးထားသော အင်းတော်မြို့အားလည်း ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Jul 04, 2026
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထက်လွမ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
Jul 04, 2026
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာအိုအသေးစား၊ အငယ်စားစက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။
Jul 04, 2026
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဆေနမတ်မွန်ထရီချန်ထာဝုန်က လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Jul 04, 2026
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင်သင်တန်းသားများအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Jul 04, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 04, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁ ရက်က ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jul 04, 2026
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၂) ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jul 04, 2026
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ သက်သာချောင်ချိစေရေး ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် ဆီတို့ကို ပေးအပ်သည်။
