Skip to main content

Dec 28, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရွှေဘိုမြို့နယ် ရွှေဘိုတက္ကသိုလ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သီးထပ်စွမ်းရည် တိုးတက်လာစေရေးကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲဒီကျေးရွာမှ တောင်သူများက မိုးစပါးအပြီး မြေတွင်းအစိုဓာတ် မပျောက်ဆုံးခင် ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးရေးအတွက် ထယ်ရေးမဲ့ စိုက်ပျိုးနည်းစနစ်ကို စမ်းသပ်သုတေသနပြု သရုပ်ပြစိုက်ပျိုးမှုကို လေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

“Myanmar National Cancer Control Strategic Action Plan(2023-2027)” အသိပေး မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

ရန်ကုန်တိုင်းဒေသကြီး လှော်ကားဥယျာဉ်တွင် မှတ်တမ်းမရှိသေးသော ထိပ်ကားဇွန်းပြားပုံစံနှုတ်သီး အကြီးစားရှိသည့် Northern Shoveler ရေငှက်အမျိုးအစား ယခုလအတွင်း လာရောက်ဆောင်းခိုနေသည်ကို ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း လှော်ကားဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက In person တက်ရောက်၍ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်၊၊

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော ဆရာတော် ရှစ်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော ဆရာတော် ရှစ်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီကကြီးမှူး၍ နေပြည်တော် အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Adden-dum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့သည်။ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သတင်းမီဒီယာများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး (မြင့်စိုး - နတလ) က ပြန်ကြားရေးဝန်ကြီးဌာနရှိ ခရိုင်၊ မြို့နယ် စာကြည့်တိုက်များအတွက် ၎င်းကိုယ်တိုင် ရေးသား ပြုစုခဲ့သည့် စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၂၆ ရက်အထိ) ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀၂ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

စစ်အေးခေတ်လွန်ကာလတွင် အင်အားကြီးနိုင်ငံများသည် ဝါဒမတူသည့် နိုင်ငံများအား ဝင်ရောက်စွက်ဖက် ထိန်းချုပ်ခြယ်လှယ်နိုင်ရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်ရန် သို့မဟုတ် ၎င်းတို့အလိုကျ အစိုးရတစ်ရပ်ဖြစ်ရန် သို့မဟုတ် နိုင်ငံမတည်မငြိမ်ဖြစ်ပြီး ပြိုကွဲပျက်စီးစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေး နယ်ပယ်တို့တွင်သာမက ပြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် မီဒီယာများကိုပါ အသုံးချလာကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2023

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် လူနေအိမ်ရာစီမံကိန်းဟူ၍ စီမံကိန်းသုံးရပ် ပေါင်းစပ်ပါဝင်လျက်ရှိရာ ရေနက်စီမံကိန်းကို ဦးစွာအကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းတစ်ရပ် စတင်ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်