Dec 27, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မှ ၂၆ ရက်ထိ လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်ရှိ မဲခေါင်ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်လေ့လာခဲ့ကြသည်။
Dec 27, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမျှော်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 27, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 27, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ (၂၉)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
Dec 27, 2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက် သောင်းကျန်းသူများက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိကြီး နေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦး သေဆုံးခဲ့ကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေခဲ့ရာ ယနေ့တွင်လည်း အဆိုပါရှော့တိုက်ဒုံး ပစ်ခတ်မှုကြောင့် တိုင်းမှူး၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် ရှော့ဖြစ်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများကို ထပ်မံ၍ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 27, 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်တွင် လယ်ယာစိုက်ပျိုးရေးချေးငွေများကို ရဲစခန်းမှာအတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားများထိတ်လန့်နေကြောင်း၊ ချေးငွေမဆပ်နိုင်တဲ့သူတွေကို တရားစွဲပြီး ဖမ်းဆီးအရေးယူခိုင်းနေကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 27, 2023
မန္တလေး၊ အိုးဘိုထောင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျနေသည့်အမျိုးသမီးများကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်တွင် ထမီရင်ရှားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံခန့် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဟု လူမှုကွန်ကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 27, 2023
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ယမန်နေ့ညနေ (၄)နာရီက မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
Dec 27, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 27, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၌ တရားမဝင်အခြားသစ် တန် ၃ ဒသမ ၂၇၁ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၉၇၀)နှင့် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၌ တရားမဝင်အခြားသစ်တန် ၂၅ ဒသမ ၈၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၇၄၅၆)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဖျာပုံမြို့နယ်၌လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီးနှင့် Nissan Wingroad ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၃၆၄၂၆)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 27, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်၍ မူကြိုဆရာမများအတွက် သင်တန်းများဖွင့်လှစ် သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Dec 27, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 27, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား Ultra Low Temperature Freezer ၁၀ လုံးတွင် အပူချိန်အနုတ် ၆၀ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၉၀ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိသိုလှောင်ထားရှိမှု၊ ပုံမှန်ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမှု၊ ကာကွယ်ဆေးထိုး ဆက်စပ်ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်မှ ကာကွယ်ဆေးများဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အမြား စိုက်ထုတ်သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ကာကွယ်ဆေးလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် အပိုဆောင်းထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
Dec 27, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတွင်း MSMEs များဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများတစ်ဦးချင်းဝင်ငွေ မြင့်မားစေရေးအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးမှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်နှင့် စာအုပ်များပေးအပ်သည်။
Dec 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
Dec 27, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 27, 2023
ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစတင်၍ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တိုက်ကြီးမြို့နယ် ရပ်/ကျေး ၄၈ ခုမှ ပြည်သူ ၅၁၈ ဦး၊ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်ကိုးခုမှ ပြည်သူ ၄၉၀၊ ကော့မှူးမြို့နယ် ရပ်/ကျေး ၂၃ ခုမှ ပြည်သူ ၆၄၀၊ စမ်းချောင်းမြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၆၁ ဦး စုစုပေါင်းပြည်သူ ၂၁၀၉ ဦးတက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။
Dec 27, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ရှိ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ သင်ကြား/သင်ယူမှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး မှာကြားသည်။
Dec 27, 2023
ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။
Dec 27, 2023
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
