ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျီခါးမြို့ရှိ သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပလျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။
Nov 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ဆန္ဒမဲများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။
Nov 08,2020
ကိုကိုးကျွန်းမြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ မဲရုံများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့ နံနက်(၆)နာရီမှစ၍ ကျင်းပရာ ဆန္ဒမဲပေးကြမည့် ပြည်သူများ စနစ်တကျ တန်းစီ၍ ဆန္ဒမဲပေးနေသည်ကို တွေ့ရသည်။
Nov 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ စ၍ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်တွင် ဆန္ဒမဲပေးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။
Nov 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ မဲရုံဖွင့်ချိန်မှစတင်ပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေး လျက် ရှိကြောင်း သိရသည်။
Nov 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ယနေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ မဲရုံဖွင့်လှစ်ပြီး မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့ကာ ဆန္ဒမဲများပေးအပ်လျက်ရှိကြောင်း သိရသည်။
Nov 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲကို နို၀င်ဘာလ( ၈) ရက် နံနက်(၆)နာရီ အချိန်မှ စတင်ကျင်းပရာ ရွာသစ်မြို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ မဲရုံများတွင် ပြည်သူများ အေးချမ်းစွာ လာရောက်မဲပေး လျက်ရှိသည်။
Nov 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ပြင်စလူမြို့ပေါ် အမှတ်(၁/၂/၃) ရပ်ကွက်အတွင်းရှိ ပြင်စလူမြို့ အခြေခံပညာ အထက်တန်းကျောင်း မဲရုံအမှတ်(၁)၊ ပြင်စလူမြို့ဆေးရုံ မဲရုံအမှတ်(၂)၊ ပြင်စလူမြို့ အောင်သိဒ္ဓိကျောင်း ဆွမ်းစားဆောင် မဲရုံအမှတ်(၃)တွင် ယနေ့နံနက် ၆ နာရီအချိန်၌ မဲရုံများကို အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်ပြီး အများပြည်သူများ ဆန္ဒမဲပေးနေပြီ ဖြစ်ကြောင်း သိရသည်။