ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 05,2020
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Nov 05,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၌ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေ​ထွေ ရွေးကောက်ပွဲ အဆင်​ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နှင့် ဆဒုံးမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့နယ်ရှိ မဲရုံ ( ၆) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မင်းတပ်မြို့ မြို့ပေါ်(၄) ရပ်ကွက်ရှိ အသက် ၆၀ နှစ်အထက် အဘိုးအဘွားများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူရန် ကွင်းဆင်းကြကြောင်း သိရသည်။
Nov 05,2020
ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျ ရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်း‌‌ဆောင်မည့် ဝန်ထမ်းများအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက် ရှိပါသည်။
Nov 05,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ရွှေကူမြို့ မြို့မအရှေ့ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 05,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့က စတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 05,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။