ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 06,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်း ပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး များသို့ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၃)ရပ်ကွက် အတွင်းရှိ မဲရုံများနှင့်ကျေးရွာများရှိမဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိဌာနဆိုင်ရာများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲပေးပုံသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Nov 06,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဆန္ဒမဲ ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်မြေမီးသတ်စခန်းတာဝန်ခံ လျန်တီလ် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်ခန့်ကဆောင်ရွက်ခဲ့ကြသည်။
Nov 06,2020
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Nov 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းနှင့် မဲရုံတွင်တာဝန်ကျဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် အထွေထွေညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဖလမ်းခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး၌ ပြုလုပ်သည်။