ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 05,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွား များနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲများကို ကော်မရှင်ရုံးများတွင် လာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်များထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ထည့်နိုင်ရန်အတွက် ကွင်းဆင်းကောက်ခံ ဆောင်ရွက်လျက်ရှိသည်။
Nov 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲရုံးများတွင် ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 05,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် အသက်(၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ရွှေကူမြို့ပေါ် ရပ်ကွက်များ၌ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများဆောင်ရွက်ခဲ့သည်။
Nov 05,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ မြို့ပေါ်ရပ်ကွက် နှစ်ခု၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ​ထက ပြင်စလူ အထက်တန်း ကျောင်းခန်းမတွင် မဲရုံးမှူးနှင့် ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့တွင် မဲပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ယူနိုင်ခြင်းမရှိသူများနှင့် သက်သေခံလက်မှတ် ပျောက်ဆုံးသူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။