ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများ ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ၃ လတစ်ကြိမ် ထောက်ပံငွေကျပ် တစ်သောင်းစီကို ပုသိမ်မြို့နယ်မှ အသက်(၈၅)နှစ်နှင့်အထက်
Mar 20,2020
မိတ္ထီလာခရိုင်အတွင်းရှိ စာကြည့်တိုက်များသို့ လာရောက်အသုံးပြုသူများအား COVID-19 ရောဂါ အသိပညာပေးရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်သာယာရပ်ကွက် ရတနာဦးကျောင်းတိုက်ရှိ လောကရတနာစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကိုရိုနာဗိုင်းရပ်စ်(အ‌ဆုတ်ရောင်ရောဂါ) ကာကွယ်ရေးလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းကို ယနေ့ နံနက် ၁၀ နာရီက နတ်စင်ကုန်းကျေးရွာ၌ ဆောင်ရွက်နေကြောင်း သိရသည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်စေရေး AIIP အကူအညီဖြင့် ၃၁၅ ဒဿမ ၀၉ ဧက အဆင့်မြင့် လယ်ယာ ဖော်ထုတ်နေမှုတို့ကို ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် အကောင်အထည်ဖော်ရေး အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် (COVID-19) အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီက မြို့နယ် အတွင်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 20,2020
လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းဆောင် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့ မြို့မရပ်ကွက် အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့သည်။
Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မိုးထွေး ဦးဆောင်သော အဖွဲ့ဝင်များက (COVID-19) ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာ ကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ယနေ့ နံနက် (၉) နာရီက မြန်အောင်နေခြည်ဈေးတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်‌နေမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေလှေကျေးရွာတွင် မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများ က ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။