Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
လိုင်လင်းပီမြို့တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန် လူစည်ကားရာ နေရာများဖြစ်သည့် ဈေးဆိုင်များ၊ လမ်းဆုံများတို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများလှူဒါန်း
Dec 08,2020
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူဆောင်ရွက်
Dec 08,2020
မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ စံပြရပ်ကွက် မြို့မစျေးရှေ့ မင်းတပ်-မတူပီ ကားလမ်းမပေါ်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အတွဲ(၄) အမှတ်(၇)ကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ခရီးသွားပြည်သူများနှင့် သင်္ဘောဆိပ်တို့တွင် လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign )အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Dec 08,2020
ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယမန်နေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ Case- 95143 တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိ
Dec 08,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ Case- 95143 ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးတွင် Test Kit ဖြင့် စစ်ဆေးရာ ဂိတ်ယာဉ်နောက်လိုက်တစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ
Dec 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့နံနက်ပိုင်းတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးကို Test Kit ဖြင့် စစ်ဆေးရာမှ ကလေးမြို့မှ တီအိုချောင်းသို့ ကုန်စည်ပစ္စည်းများနှင့် ကွမ်းသီးများပို့ဆောင်မည့်ကုန်တင်ကား၏ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့ ငလိုင်ကျေးရွာ၌ မဟာဓာတ်အားလိုင်း မီးလင်းရေးအောင်ပွဲ အခမ်းအနားကျင်းပ
Dec 08,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ မဟာဓာတ်အားလိုင်းမီးလင်းရေး အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ငလိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
59
Page
60
Page
61
Page
62
Current page
63
Page
64
Page
65
Page
66
Page
67
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department