ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေ မရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီအချိန်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင် ခဲ့ကြသော အထူးရဲတပ်ဖွဲ့ဝင် ၇ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ထပ်ဆင့် ပေးအပ်ချီးမြင့်ပွဲ အခမ်းအနားကို အင်ဂျန်းယန်အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 17,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဖားဆောင်းမြို့နယ်ရုံးမှကြီးမှူး၍ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံနှင့်
Nov 17,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၅ နှစ်အောက် ကလေးအာဟာရ စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။
Nov 17,2020
မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၂) ၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား ယမန်နေ့မွန်းလွဲ (၂) နာရီတွင် Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ် ပေးအပ်ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ တစ်သျှူးဌက်ပျောကုန်တင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီမှည‌နေ ၄ နာရီအတွင်း RDT(Rapid Antigen Diagnosis Test Kit) ဖြင့် အမှတ်-၂ ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ စစ်ဆးခဲ့သည်။