သတင်းများ

ဒေါ့ဖုန်းယန်မြို့အတွင်း နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ် အရောက်ပေးအပ်
Aug 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် ကျေးလက်မီးလင်းရေးစီမံကိန်းအစီအစဉ်ဖြင့် လျှပ်စစ်မီးစတင် ရရှိပြီဖြစ်
Aug 10,2020
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဖော်ဆောင်လျက်ရှိသော အမျိုးသားလျှပ်စစ် စီမံကိန်း(NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့က စတင်၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်မိသားစုဝင် (၄၄) ဦးအား ဆန်ဖိုးငွေထောက်ပံ့
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အုပ်ချုပ်များသည် ယမန်နေ့ ညနေပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှစ်နေရာသို့ ယာယီရွှေ့ပြောင်းရောက်ရှိနေသော ရေဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင်များအား ဆန်ဖိုးထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၀-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အွန်လိုင်းမှ ထုတ်ပြန်ကြေညာခဲ့ရာ ၁၁၉၉ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင်“သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ဓာတုဓာတ်ကြွင်းအန္တရာယ် ”ခေါင်းစဉ်ဖြင့် တောင်သူလယ်သမားအစုအဖွဲ့ဆွေးနွေးပွဲကျင်းပ
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ယမန်နေ့မွန်းလွဲ ၂ နာရီက “ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ဓာတုဓာတ်ကြွင်းအန္တရာယ် ” ခေါင်းစဉ်ဖြင့် တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေး ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ Cash for Work စီမံကိန်းပံ့ပိုးရန်ပုံငွေဖြင့် ကျေးရွာ များအတွင်း မြေသားလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။