သတင်းများ

တီးတိန်မြို့နယ်တွင် တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ် တန်ဖိုးထားစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်
Feb 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Fort White တောင်ဇလပ်ချစ်သူများအသင်းမှ "တောင်ဇလပ်ပန်းများမခူးဘဲ ထိန်းသိမ်းကာကွယ်တန်ဖိုးထား" အသိပညာပေး စတစ်ကာ ဖြန့်ဝေခြင်း နှစ်ရက်တာ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်၍ ကနေဒီတောင် Fort White၊ Thangmual လမ်းခွဲတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေးဟောပြောပွဲ ဖလမ်းမြို့၌ ပြုလုပ်
Feb 24,2020
ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။
မိုင်းအန္တရာယ်အသိပညာပေးနှင့် ရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်း ကျောက်မဲလူထုအခြေပြုဗဟိုဌာန တွင် ဖွင့်လှစ်
Feb 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်မဲမြို့နယ် အသင်းခွဲနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၁/၂၀၂၀ ကို ဖွင့်လှစ်ခဲ့သည်။
တာမိုးညဲမြို့၌ သက်ကြီးရွယ်အို စုစုပေါင်း(၃၆၈)ဦးအား ထောက်ပံ့လှူဒါန်း
Feb 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် နေထိုင်ကြသည့် အသက်(၇၅)နှစ်အထက်ရှိ သက်ကြီးရွယ်အို စုစုပေါင်း(၃၆၈)ဦးကို ကွတ်ခိုင်မြို့၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ယနေ့ နံနက်(၁၀)နာရီအချိန်က အစားအစာနှင့် အခြားလိုအပ်သည်များ ထောက်ပံ့လှူဒါန်းသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာ မူလတန်းကျောင်းသို့ ကျောင်းသုံး ပရိဘောဂများပေးအပ်လှူဒါန်း
Feb 24,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စုရှိ၊ ထန်းတောကြီး ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းသုံးပရိဘောဂများပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျောင်းယာယီမဏ္ဍပ်တွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့)သင်တန်းဖွင့်လှစ်
Feb 24,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။
တန့်ဆည်မြို့တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး
Feb 24,2020
မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်း နှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များမျှဝေခြင်း အခမ်းအနားကျင်းပ
Feb 24,2020
ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ဘေးကင်း လုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ဒလမြို့နယ်၌ ဆောင်ရွက်ခဲ့သော ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များ မျှဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။