သတင်းများ

မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများ ကံဦးဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း
Dec 17,2025
ဒီဇင်ဘာ ၁၈ ရက်၌ ကျရောက်မည့် မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ဒိုင်းတရာ(တောင်)ကျေးရွာ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေ လမ်းခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှုပြီးစီး
Dec 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(တောင်) ကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေ လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက် တပ်ဆင်ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမူအား ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးနှင့် ဖြူးမြို့နယ် ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ မရမ်းကွင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သို​ဒေသတွင် အာ​ရေဗီးကား ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာ
Dec 17,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော အာရေဗီးကား ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲပြုလုပ်
Dec 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.လ.က(ခွဲ)တပ်တွင်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ များအား စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မဲရင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာသစ်ကုန်းကျေးရွာအုပ်စု၊ မဲရင်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြ
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ကြီးမှူး၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းများကို အလယ်ပုံကျေးရွာအုပ်စု အောက်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ နေ့ချင်းပြီးဆောင်ရွက်ပေးမှုကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ဒီဇင်ဘာ ၁၄ ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။