သတင်းများ

ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း မကောင်းရခြင်း အကြောင်း အချက်အလက်များကောက်ယူ
Dec 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သက်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်းအကြောင်း တောင်သူများအား စိစစ်မေးမြန်းကာ အချက်အလက်များကောက်ခြင်းကို ယမန်နေ့ စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာအုပ်စု(၇)အုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁ဝ)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိ
Dec 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိရာ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် လယ်ဝေးခရိုင်ဦးစီးမှူး ဦးသန်းကိုတို့သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ပေတုန်းမြောင်ကျေးရွာတွင် စာရင်းကောက်ယူမှုများ ကြည့်ရှုအားပေးခဲ့သည်။
ရပ်စောက်မြို့နယ်တွင် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချ
Dec 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များကို ယမန်နေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ ရဿဝတီခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်း မရရှိခြင်းအား စစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Dec 17,2025
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်းအား‌ တောင်သူများနှင့် တွေ့ဆုံစစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းလွန်ကျောင်း(ပန်သပြေ)၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်ရှိ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးအရောင်းဆိုင်များတွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Dec 17,2025
စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း အများဆုံးစိုက်ပျိုးသော နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့တွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေးအတွက် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။