သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 17,2025
အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ဆီမီးတစ်သောင်းတစ်ထောင် ထွန်းညှိပူဇော်ပွဲအခမ်းအနား ကျင်းပ
Dec 17,2025
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားရည်မှန်းကာ မဟာမုနိဘုရား ကြီးရင်ပြင်တော်တွင် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ကြီးမှူး၍ ဆီမီးတစ်သောင်း တစ်ထောင်ထွန်းညှိပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော်၌ ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်(ဆ)ရပ်ကွက်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အတွင်းရှိ မဲရုံ(၉)နေရာအား မဲရုံများစနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီကစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့နယ် အ.မ.က(မယ်ဇလီအိုင့်)၌အသိပညာပေးဟောပြောခြင်းနှင့် အားကစားပြိုင်ပွဲငယ်များကျင်းပ
Dec 17,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာ မူလတန်းကျောင်း(မယ်ဇလီအိုင့်)၌ ကျင်းပခဲ့သည်။
ဂန့်ဂေါမြို့တွင် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေး
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့ညနေပိုင်းက ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Dec 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့၌ မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးသားပေါက်ထည့်ပွဲ ကျင်းပ
Dec 17,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၁၂၁) ကြိမ်မြောက် မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငါးသားပေါက်ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့၊ မင်းရွာ (ကမာဘာ) ကျေးရွာရှိ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အတွင်းရေးမှူး ဦးခင်ဇာမောင် ငါးကန်၌ ပြုလုပ်ခဲ့သည်။