ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုး သယ်ပိုးထမ်းရွက်သွားနိုင်စေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီးအား ယမန်နေ့နေ့လယ်(၁၂)နာရီက စတင်၍ မင်္ဂလာကံ ကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင် စတင်ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။