သတင်းများ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Dec 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်‌ထောင်စု လူဦးရေများစာရင်း ကွင်းဆင်းဆောင်ရွက်ပေး
Dec 17,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဟင်္သာချောင် ကျေးရွာအုပ်စုသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး (စကု) မြို့နယ်၌ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးများထုံးပေးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ နည်းပညာသစ်ကိရိယာများကို သိရှိအသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈) စက်မှုလယ်ယာစခန်းက ကြီးမှူးဆောင်ရွက်သော ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးများထုံးပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကြာကန်ကျေးရွာ ကွင်းအမှတ် ၁၃၁၈ ရှိ တောင်သူ ဦးအောင်နိုင်ဦး၏ လယ်မြေ ၃ ဧက အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Dec 17,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
‎မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ ဆင်းရဲချို့တဲ့သည့် မိဘပြည်သူများအား (၃၇)ကြိမ်မြောက် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြားအသုံးဆောင်ပစ္စည်းထောက်ပံ့လှူဒါန်းပွဲ ကျင်းပ
Dec 17,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်ပြီး ဆင်းရဲချို့တဲ့သည့် မိဘပြည်သူများအား (၃၇)ကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ဆေးဝါး စသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများကို ယနေ့နံနက်ပိုင်းက မဟာမြိုင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေး ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောက်ဆည်မြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 17,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းဦိးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်း၊ (အခြေခံပညာမူလတန်ကျောင်းရှေ့မှ ထီသိမ်ရေထွက်လမ်းဆုံအထိ) ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။