သတင်းများ

နမ့်စန်မြို့နယ်တွင် စက်သုံးဆီရောင်းဝယ်မှုပိုမိုအဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Mar 28,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် စက်သုံးဆီ သုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီရောင်းဝယ်မှုအဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အဆင့်ရေနံထွက် ပစ္စည်းအရောင်းဆိုင်များကြီးကြပ်မှုကော်မတီနှင့် စက်သုံဆီအရောင်းဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် နွေရာသီအ​​ခြေခံအားကစားသင်တန်းများ ဖွင့်လှစ်
Mar 28,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နွေရာသီအ​​ခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများဖွင့်လှစ်နေမှု သွားရောက်အားပေး  
Mar 28,2026
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများ ဖွင့်လှစ်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈)  သင်တန်းဆင်းပွဲကျင်းပ
Mar 28,2026
အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၂၈)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ကေတုမတီခန်းမတွင် မတ်လ ၂၆ ရက် နံနက် ၉ နာရီခွဲ၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သာကေတမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Mar 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
မရမ်းကုန်းမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အ‌ခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်လုံးဆိုင်ရာ အစိုးရ ဓမ္မာစာရိယနှင့် ပါလိပါဠိပထမပြန်စာမေးပွဲ (စာအောင်ဂုဏ်ပြုဆု)စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်များဓမ္မာရုံ၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်လမ်း၌ ယမန်နေ့မွန်းလွဲပိုင်းက စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း ဆောင်ရွက်
Mar 28,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မီးသတ်ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  စျေးသူ/စျေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို မတ်လ၂၇ရက်နေ့ညနေပိုင်းက ငွေဆောင်မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။