အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊မြောက်ဦး ခရိုင်၊ မြောက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
Jun 02,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသည့်အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ခရစ်နှစ်၂၀၂၁ခုနှစ်ဇွန်၁ရက်ယမန်နေ့မွန်းတည့်၁၂နာရီက မုဒုံမြို့နယ် သာသနာ့ ဗိမ္မာန်တော်၌ကျင်းပလျက်ရှိရာစာဖြေသံဃာနှင့်သီလရှင်(၁၁၄)ပါးဝင်ရောက်ဖြေဆိုသည်။
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်း၌ နတ်ကြီးကျေးရွာမှ တောင်သူ (၁၇)ဦး၏ စပါးသီးနှံ စိုက်ဧက (၂၆)ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၂၅)ဧကအတွက် စုစုပေါင်းချေးငွေကျပ်(၆၄)သိန်းကို ထုတ်ချေးပေး လျက်ရှိ ကြောင်း သိရသည်။
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 02,2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံကျောင်းများအားလုံး စတင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ်များကို စတင်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

Jun 02,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် (၈)နာရီခွဲအချိန်က ရပ်ကွက်များမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဥမ္မာစိန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။