အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2021
၂၀၂၁-၂၂ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 01,2021
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက် သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါ ရပ်ကွက်၊ နာရီစင်လမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Jun 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၁-၂၀၂၂  ပညာသင်နှစ် ​ကျောင်းဖွင့်ရက် ပထမရက်နေ့တွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်၍ စက်ချုပ် နည်းပညာ အခြေခံသင်တန်း (၂/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ပညာသင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်း(၆)ဦးတို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းအား မေလ ၂၉ ရက်နှင့် ၃၀ ရက် (၂)ရက်တိတိ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်ရေး ကတ် (၁၀နှစ် ပြည့်/ ၁၈ နှစ်ပြည့်) ပြုလုပ်ပေး ခြင်း၊ ၁၈ နှစ်ပြည့်လဲလှယ်ခြင်း၊ ပျောက်ဆုံး ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးခြင်းတို့အား ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Jun 01,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၀လမ်းနှင့်၁၂လမ်းကြား ၊၇၃လမ်း အရှေ့ဘက်ရှိ အမြင့်ပေ(၅၀)၊ လုံးပတ်(၄)ပေခန့်ရှိ အော်ရေးရှား သစ်ပင်တစ်ပင်မှာ ယနေ့နံနက်၉နာရီကျော်က အမြစ်ဆွေးမြေ့၍ ၇၃လမ်းမပေါ် ကန့်လန့်ဖြတ်လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။