အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်း (၂၁၀)ကျောင်းတို့၌ ယနေ့ဇွန်လ ၁ ရက်နေ့မှစ၍ ကျောင်းများဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
Jun 01,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား နွေနှမ်းများကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဆင်းရတနာ ၁၄ နွေနှမ်းမျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြသည်။
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ယနေ့ နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော အဖွဲ့ သည် ယနေ့ နံနက် ၇ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာဖြစ်သော မြို့စည်ပင်သာယာ ဈေးကြီးအတွင်းနှင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 01,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်ကျိုက်ဒုံမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင်မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများအားကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား/သူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ရက်နေ့ နံနက် ၉ နာရီတွင် ကျောင်းသား ကျောင်းသူများ စတင်ကျောင်းတက်နေပြီးဖြစ်ကြောင်းသိရသည်။
Jun 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အခြေခံပညာကျောင်းများတွင် COVID-19ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းများပိတ်ထားလျက်ရှိရာ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ၂၀၂၁−၂၀၂၂ ပညာသင် အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်သဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်၍ ပြန်လည် ပညာသင်ကြားနေကြောင်းတွေ့ရသည်။
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ယနေ့နံနက် ၉ နာရီအချိန်က ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံးဝင်းအတွင်း၌ ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း သိရသည်။