Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လွိုင်လင်မြို့၌ စတုတ္ထတန်း (Grade-4) သင်ရိုးသစ်နောက်ဆက်တွဲသင်တန်းဖွင့်
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စတုတ္ထတန်း (Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က အမက(၁) ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၂၄ ဒသမ ၉၉ရာခိုင်နှုန်း ဖြေဆိုအောင်မြင်
Aug 10,2020
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ် ၉ ရက် နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်းလိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်မှု ၂၄ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု
Aug 10,2020
ပန်းဘဲတန်းမြို့နယ်တွင် အများပြည်သူများ အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်တွင် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိလူနေအိမ်များအတွင်း ရေများဝင်ရောက်
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၉ ရက် ည ၁၀ နာရီ မှ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီကျော်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နမ့်လတ်ချောင်းရေမြင့်တက်ခဲ့မှု ကြောင့် အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ (၃၆၀) ခန့် နေအိမ်ခြံဝန်းများအတွင်း ရေ ဝင်ရောက် မှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေး
Aug 10,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘာဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည် ကုစားနိုင်စေရန် ရည်ရွယ်၍ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် Cask for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေး ထိုးက…
Aug 10,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံသွား ကားလမ်း မကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ် ၊ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့်မန္တလေးမြို့မှပွဲစားများအား ခခယယရောင်းချနေရကြောင်း ပြောင်းဖူးကိုယ်တိုင် စိုက် ပျိုးရောင်းချသည့် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ဦးဝင်းတင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့ မြို့ကုန်းကျေးရွာ၌ ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အရ ဝက်မွေးမြူရေး သင်တန်း ဖွင့်လှစ်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဝက်မွေးမြူရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ
Aug 10,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28207
Page
28208
Page
28209
Page
28210
Current page
28211
Page
28212
Page
28213
Page
28214
Page
28215
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department