Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် PPE ဝတ်စုံနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်
Mar 29,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသုံးပြုရန် PPE ဝတ်စုံနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်(အ.ထ.က)၌ ပြည်ပမှပြန်လည်ရောက်လာသူများအား ၁၄ ရက်တာ စောင့်ကြပ်ကြည့်ရှု
Mar 29,2020
ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက်တာ စောင့်ကြပ်ကြည့်ရှုခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ (အ.ထ.က) မိုင်းခတ်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ မန္တလေးမြို့မှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ
Mar 29,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေနှင့် မြို့နယ်တာဝန်ရှိသူများ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က မန္တလေးမြို့မှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်(၆)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့ တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ
Mar 29,2020
မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မိုင်းရယ်မြို့မဈေးကြီးအတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 29,2020
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဖွဲ့စည်း၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
Mar 29,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း
Mar 29,2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင် တားဆီးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း (၁၃ဝဝဝဝဝဝိ/-) တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 29,2020
သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာတို့၏ စီစဉ်မှုဖြင့် ပြည်သူပူးပေါင်းပါဝင်သည့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပါဝင်လျက် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ သံဖြူဇရပ်မြို့ အမှတ်(၁)မြို့မစျေးကြီးအတွင်း အသိပညာပေး လက်ကမ်းစာစောင်များကို စျေးရောင်းချသူများ၊ စျေးဝယ်ပြည်သူများအား ဖြန့်ဝေပေးပြီး စာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ပေးရန် အသိပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30239
Page
30240
Page
30241
Page
30242
Current page
30243
Page
30244
Page
30245
Page
30246
Page
30247
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department