လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID(Unique Identity)ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ လှိုင်းဘွဲမြို့နယ်အတွင်းရှိပြည်သူများအား UID(Unique Identity)ကဒ် ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်စား အငြိမ်းစား မိဘပြည်သူများအား UID(Unique Identity)ကဒ် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ဆောင်ရွက်ပေးခဲ့သည်။