ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးသီးနှံစိုက်ဧရိယာအတွင်း အဓိကသီးနှံများ ပြန်လည်စိုက်ပျိုးခဲ့သည့်တောင်သူများအား သွင်းအားစုလိုငွေများပေးအပ်ချီးမြှင့်
၂၀၂၄-၂၀၂၅ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးစပါး(၁၄၄၆၁)ဧက ပျက်စီးခဲ့ခြင်းအပေါ် ရေပြန်ကျချိန်တွင် မိုးစပါး ၈၉၈၆ ဧက ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး ကျန် ၅၄၇၅ဧကကို မြေပဲ၊နှမ်း၊နေကြာ၊ပဲအမျိုးမျိုးသီးနှံများ ပြန်လည် အစားထိုးစိုက်ပျိုးခဲ့ရာ အဓိကသီးနှံများပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား သွင်းအားစုဖိုးလိုငွေများပေးအပ် ချီးမြှင့်သည့်အခမ်းအနားကို ဩဂုတ် ၂၅ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။