ရှမ်းပြည်နယ်

ကျေးသီးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မြို့ပေါ်ရှိရပ်ကွက်(၆)ရပ်ကွက်တွင် ရပ်ကွက်သူ/သားများ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ၊ ကာကွယ်ဆေးဖြန်းခြင်းများကို ယနေ့နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ စတင်ဆောင်ရွက်‌ပေးလျက်ရှိသည်။

ကျောက်မဲမြို့နယ် မွေးမြူရေးဇုံသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းသားငါးကဏ္ဍ ဖူလုံစေရန်ရည်ရွယ်၍ ယမန်နေ့က မွေးမြူရေးဇုံသို့တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာသွားလမ်းအနီး ကွင်းပြင်၌ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကြသည်။

မိုင်းနောင်မြို့ရှိ သက်ကြီးဖိုးဖွားများလစဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်ရန် တပ်နယ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်တိုက်နယ် ပြည်သူ့ဆေးရုံတို့မှတာဝန်ရှိသူများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရုံးကုသိုလ်ဖြစ် ဆေးခန်းတွင်သက်ကြီး ဖိုးဖွားများ လစဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်ရန် တပ်နယ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် တိုက်နယ်ပြည်သူ့ဆေးရုံတာဝန်ရှိသူများ ယနေ့နံနက်(၁ဝ)နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းပညာပေးဆွေးနွေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက်(၉)နာရီခွဲတွင် မြို့နယ်အတွင်းရှိ ကြက်ဥ၊ နွားနို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသော PEP ခေတ်မီနို့စားနွား မွေးမြူရေးခြံနှင့်ဥစားကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ကြုံတွေ့နေရသော အခက်အခဲများအပေါ် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မိုင်းရှူးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တာလေမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၁ နာရီက နားယောင်းကျေးရွာအုပ်စု၊ ပါနော့(ဟောင်း)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်ရေးအတွက် ကြီးကြပ်၅ဦး ရွေးချယ်ခန့်အပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ တုန်ဟုန်းဘုန်းကြီးကျောင်းဝန်းအတွင်းထမင်းစာဆောင်တွင်(၂၁.၆.၂၀၂၆)ရက်နေ့ နေ့လယ် ၁ နာရီက အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခန့်ထားရေးအတွက် ကြီးကြပ်ရေးမှူး ၅ ဦးရွေးချယ်ပွဲကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်