မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ်စစ်ဆေး

မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသက် ၁၈ နှစ်ပြည့်ပြီး၊ နိုင်ငံသားတိုင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်ရုံး၌ ယနေ့နက်နံ ၁၀ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာကျောင်းပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကား

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံက သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး၊ ပျက်စီးသူများအား နေ့ချင်းပြီးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ယနေ့နံနက် ၉ နာရီက စုကြီးရပ်ကွက်၊ လေးမျက်နှာဘုရားဝန်း ဝေဇယန္တာခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် U-16 ဂိုးလတ်ဘောလုံးပြိုင်ပွဲကို အုပ်စု (က) နှင့်အုပ်စု (ခ) တို့ဖွဲ့စည်း၍ ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားဝန်းအတွင်း ဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၁ ရက်ညနေ ၃ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မြစ်သားမြို့နယ်၌  မဲရုံများပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက မြို့ပေါ်စာသင်ကျောင်းများရှိ မဲရုံတည်နေရာများသို့   ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရတနာပုံတက္ကသိုလ် အဝေးသင်-သင်တန်း (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ် အဝေးသင်-သင်တန်း၏ (၂၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး(အဝေးသင်-သင်တန်း)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ်၌ ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် စားဝတ်နေရေး အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပေါက်မြိုင်ကျေးရွာအုပ်စု၌ တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း အမှတ် (၆)၊ တက်သိမ်းရပ်ကွက်မဲရုံတွင် ဆက်လက်မဲပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး