ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်၌ တတိယအကြိမ် ထုတ်ပြန်ကြေညာမည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးစိစစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးနှင့် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ဒုတိယကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများအတွက် မဲစာရင်းများ စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်း ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်  ကျေးရွာချင်းဆက် ကဖွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ သက္ကယ်ချောင်းကျေးရွာအုပ်စုတွင် ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၊ သက္ကယ်‌ချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ၂၀၂၅-၂၀၂၆ ခုနှစ်ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၆၆)(ဘီ)၊ ဦးပိုင်အမှတ် (၇/၈)၊တောင်သူ ဦးစိုးချစ်၏ လယ်မြေတွင်(၃)ဧကတွင် ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာဘိုးဘွားရိပ်သာ တည်ထောင်ခြင်း (၈)နှစ်မြောက် နဂါးရုံဘုရား အနေကဇာတင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာ၊ ကုန်းမြင့် သာယာကမ္မဌာန်းရိပ်သာနှင့် ဘိုးဘွားရိပ်သာတွင် ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက်ပိုင်းက ကုန်းမြင့်သာဘိုးဘွားရိပ်သာ တည်ထောင်ခြင်း(၈)နှစ်မြောက် အနေကဇာတင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။

ဒေးဒရဲမြို့နယ်၊ သဲကုန်းကျေးရွာ၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက် (၁၀)နာရီက သဲကုန်းကျေးရွာ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီက ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်သည်။

ဒေးဒရဲမြို့၌ မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မျက်စိဝေဒနာ ပတ်သတ်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရဲမြို့ စက္ခုဒါနဆေးခန်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိခွဲစိတ်ကုသရန်လိုအပ်လျက်ရှိသည့် ပြည်သူများအား မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန် ပရိဝုဏ်ရှိ စက္ခုဒါနဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး