ဧရာဝတီတိုင်းဒေသကြီး

ဖျာပုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့အ.ထ.က(၁)ကျောင်းအောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ မဲရုံတည်ဆောက်မှုအခြအနေများအားလိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား အောင်မြင်စွာကျင်းပနိုင်ရေး ကျေးရွာအုပ်စု များ၌ မဲရုံတည်ဆောက်မှုအခြအနေများအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွာရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄) နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လေးမျက်နှာမြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကြံခင်းမြို့နယ်၊ အ.ထ.က (စက်စိုက်မွေး) ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရေကြည်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီကို ရောက်ရှိ‌လာတော့မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးကြတ်မတ်မှုလုပ်ငန်းများအား အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) ရက်နာရီအချိန်ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ငပုတောမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း‌ကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ ဟင်္သာတတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်၊ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ခင်းအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး