ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌  (၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ယမန်နေ့နံနက် (၅)နာရီမှစတင်၍ မဲရုံများအား ကွင်းဆင်းကာ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလာပေးမှု အခြေအနေနှင့် မဲရုံအခြေအနေတို့အားကြည့်ရှုကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ကျဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့(အ.ထ.က)တွင် ၇၈နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အ.ထ.က)တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့ (အ.ထ.က)ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ မဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုများကြည့်ရှု

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယ‌မန်‌နေ့နံနက်(၆)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် အပိုင်း(၁)အနေဖြင့်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ပေါ်ရှိမဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များရေတွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ယမန်နေ့နံနက် (၆:၀၀) နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ည (၉း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ဆန္ဒမဲစာရင်းများ ရေတွက် လျက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့တွင် ၂၀၂၅ခု နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ ပြည်သူများ လာရောက်မဲပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယနေ့နံနက် (၆) နာရီက မဲရုံများဖွင့်လှစ်၍ စတင်ကျင်းပပြုလုပ်ရာ ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည်လေ့လာသူထိုင်းနိုင်ငံသားလာရောက်လေ့လာ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည်လေ့လာသူထိုင်းနိုင်ငံသားမှ လာရောက်ကြည့်ရှု လေ့လာလျက်ရှိသည်။

ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ ပြည်သူများ လာရောက်ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆) နာရီချိန်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်အတွင်း မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပုသိမ်မြို့နယ်အတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပုသိမ်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး