မကွေးတိုင်းဒေသကြီး

မင်ဘူးမြို့၌ အချိန်စေ့လွန် ကြွေးကျန်များ အပြေအကျေ ပြန်လည်ပေးဆပ်ပြီးရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်ဘူးမြို့၌ အချိန်စေ့လွန် ကြွေးကျန်များ အပြေအကျေ ပြန်လည်ပေးဆပ်ပြီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ချောင်းရိုး)တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့လုလင်ကျေးရွာကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွေးကောက်ပွဲတွင် တာဝန်ယူဆောင်ရွက်ကြရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတာဝန်ယူနေကြသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များအား ကြိုတင်ဆန္ဒမဲပေးခြင်းကို  ယမန်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

သရက်မြို့၌ တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဆေးကုသ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပေတပင်ကျောင်းတိုက်အတွင်း ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌ မဲစာရင်းပါရှိသည့်သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းမဲစာရင်း ပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်းထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ဆောင်ရွက်သည်။

ချောက်မြို့၌ “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယ‌နေ့နံနက် (၁၁)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။  

မကွေးမြို့နယ်၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး