မြိတ်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံ(၁၀)မျိုး အထွက်နှုန်း မကောင်းရခြင်းနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး၏ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်းရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ယမန်နေ့မှစတင်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား တွေ့ဆုံ၍ စစ်တမ်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။