အမြို့မြို့အနယ်နယ်သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-မိုးညှင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး မိုးညှင်းခရိုင် အတွင်း ရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မိုးကောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များပေးအပ်

ကချင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ ခရီးစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရေးနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာ့မီးရထားအနေဖြင့် မြစ်ကြီးနား-မိုးညှင်းမီးရထားလမ်းပိုင်းအား မြန်မာ့မီးရထား သတ်မှတ်ချိန်မီဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၅ နာရီက မိုးညှင်းခရိုင်အတွင်း မီးရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးသွေးလှူဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဌာန၌ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်‌ရေး စာဖတ်ဝိုင်းကျင်းပ

စာအုပ်စာပေဝါသနာပါသူ(Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ အောင်သင်း၏ “လူငယ်ရဲ့ ဘဝတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၂၁ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး၊ အသားတိုးဝက်မွေးမြူရေး လုပ်ငန်း ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ရွှေတင့်တူးစိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြု ဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်ကောင်း” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးသည်။

မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၌ ဖြန့်ဝေပေးခဲ့သည်။

ဟင်္သာတမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

မူဆယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေး

အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကိုရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းကို မူဆယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပတ်ကျော‌ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ်၊ ပတ်ကျောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။ 

မူဆယ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ပီမိုင်တိုင်းကွင်းတွင် ၂၀၂၆ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် သစ်တောဦးစီးဌာနနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ပီမိုင်တိုင်း)ကွင်း၌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ