အမြို့မြို့အနယ်နယ်သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင်သွားလာနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူးခရိုင်) ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့အဝင် စစ်ဆေးရေးဂိတ်နေရာတွင် စုရပ်ပြုလုပ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ၅ ညခြောက်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ သုံးဆယ့်တစ်ဘုံသားကမ္ဘာသူကမ္ဘာသားအပေါင်းတို့နှင့် မြဝတီမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ခုနှစ်ရက်သား၊သမီးအပေါင်းတို့အား နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုရရှိပြီး ဘေးရန်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပသည်။

မင်းဘူးမြို့၌ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ဖောင်တော် ရေမျှောပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီက အမှတ် ၃ ရွာမရပ်ကွက် ကမ်းနားလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်း တက်ရောက်ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုကအစည်းအဝေး ပဥ္စမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ကျိုင်းတုံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၂ ရက်က ကျိုင်းတုံတက္ကသိုလ်၊ ခေမာရဋ္ဌ်ခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်၊ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေး ဟောပြော

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၁၈)ခန်းမ၌ ပြုလုပ်သည်။

ကျေးသီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အသက်(၁၀)နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃  ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ခန်းမ၌ ဇွန် ၂၃ ရက် နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ