သတင်းများ

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာသစ် (၅)ဦးထပ်မံတွေ့ရှိ
Dec 16,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ် (၅)ဦး ထပ်မံတွေ့ ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၁၄)ဦး ထပ်မံတွေ့ရှိ
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်း ကျေးရွာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် အမြန်သွေးစစ်ကိရိယာ (RDT) test kits ဖြင့် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်တော့မည်
Dec 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နမ္မတူမြို့နယ်၌ (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသုံးခွင့်စနစ်ဖြင့် ရောင်းချခွင့်ပြု
Dec 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိသော (A) အဆင့်ရ နမ္မတူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသုံးခွင့်စနစ်ဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ပြည်တွင်းလေကြောင်းခရီး လိုက်ပါမည့်သူများ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ကျန်းမာရေးစစ်ဆေးပေး
Dec 16,2020
ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသွားပြည်သူများအား ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံ မြို့နယ် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေး ခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့၌ သနပ်ခါးအမည်ခံအလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သနပ်ခါးအမည်ခံ အလှကုန်များတွင် ကုန်အညွှန်း အမှတ်အသားများအား အလွယ်တကူ သိရှိနိုင်စေရန်နှင့် အလှကုန်သုံးစွဲသူ ပြည်သူ များအား ဘေအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စည်ပင်သာယာ မြို့မဈေး အတွင်း၊ အပြင်ရှိ စတိုးဆိုင်နှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်မှု ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
သိင်္ဂီရွှေစင်ရက်ကန်း ကုန်ထုတ်သမဝါယမအသင်း ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၊ အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါ ကာလ အခြေခံ စားသောက်ကုန် သုံးမျိုးထောက်ပံ့ပေးအပ်
Dec 16,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သိင်္ဂီရွှေစင် ရက်ကန်းကုန်ထုတ် သမဝါယမ အသင်း၏ ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါကာလ အခြေခံစားသောက်ကုန်သုံးမျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်း စုပေါင်းခန်းမ၌ ပြုလုပ်သည်။
ပင်လည်ဘူးမြို့၌ အပြင်ထွက်သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Dec 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းသွားလမ်းလာ ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှုများရှိစေ‌ရေး