Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့တွင် မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ် ပြသခြင်း ဆောင်ရွက်
Dec 17,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိ ပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် လက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့ နံနက်(၁၀)နာရီက လယ်ဝေး မြို့နယ် စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တံတားခံ နိုင်ဝန်အား (၁၀) ဘီးကား ရှစ်စီးဖြင့် စမ်းသပ်စစ်ဆေး
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂/၄) ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှုမှာ ရာခိုင်နှုန်း ပြည့်ပြီးစီးနေပြီဖြစ်၍ တံတားခံနိုင်ဝန် စမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ (၁၆) ရက်၊ နံနက် (၁၀) နာရီတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး
Dec 16,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်စစ်ဆေးရေး အဖွဲ့များက ယနေ့ နံနက်ပိုင်းမှ စတင်ကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ် ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ ပြောင်းခြွေစက်နှင့် အင်ဂျင်စက် ပေးအပ်
Dec 16,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ရှစ်ရွာ အတွက် ပြောင်းခြွေစက် ရှစ်လုံးနှင့် အင်ဂျင်စက် ရှစ်လုံးကို ယနေ့နံနက်ပိုင်းတွင် ပေါ့အင်ကျေးရွာအုပ်စု၊ ဆောင်းပေါင်ကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်း၌ ခရီးသည်သွားလာမှု ပေါ်မူတည်ပြီး သင်္ဘောခရီးစဉ်များ ပြောင်းလဲပြေးဆွဲ
Dec 16,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလမှစ၍ ယနေ့အချိန်ထိ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်က ခရီးသည်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ရန်ကုန်မြစ်တွင်း၌ ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ချယ်ရီသင်္ဘော ၃ စီးဖြင့် အလှည့်ကျ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအချိန်တွင် သင်္ဘော ခရီးစဉ် အချိန်များအား ခရီးသည်သွားလာမှု (အနည်းအများ) အခြေအနေပေါ်မူတည်ပြီး အချိန်ပြောင်းလဲ သတ်မှတ်၍ ပြေးဆွဲပေး လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Dec 16,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက် အင်ကြင်းဈေးတွင် ယနေ့နံနက် (၈) နာရီအချိန်က မီးဘေးလုံခြုံရေးဟောပြော စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်း(၁)ဦးထံ၌ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
Dec 16,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၀)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၁၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၄ ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အောင်မြေသာဇံမြို့နယ် ၁၉ လမ်း၊ မင်းတဲအီကင်းရပ်ကွက် အကွက်(၉၈)၌ နေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Dec 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာ အုပ်စု၊ ရေဦးအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲ ပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27439
Page
27440
Page
27441
Page
27442
Current page
27443
Page
27444
Page
27445
Page
27446
Page
27447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department