လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာတွင် တံတားဆောက်လုပ်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Dec 17,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကျေးလက်ပိန္နဲတောကျေးရွာအုပ်စု ပိန္နဲတောကျေးရွာ ကွန်ကရစ်တံတား(Slab Culvert) (အလျား ၁၄ပေ ၊ အနံ ၁၄ပေ ၊ အမြင့် ၈ပေ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၅,၅၀၀,၀၀၀)ကျပ်ဖြင့် ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။