သတင်းများ

ကျောက်မဲမြို့တွင် ၁၅ ဦးမြောက် ကိုဗစ်-၁၉ ရောဂါလူနာ တွေ့ရှိ
Dec 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အ-ထ-က ၃ တွင် Quarantine Center တွင်ထားသော မန္တလေးပြန် အသက် ၆၁နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာယူ
Dec 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။
ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ဒေသ ရေ ရရှိရေး ကွင်းဆင်းဆောင်ရွက်
Dec 16,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ညှစ်ရှောက်ကျေးရွာနှင့်လျှော်ဖြူပင် ကျေးရွာတို့တွင် ကျေးလက်ဒေသ ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်စုကျေးရွာပညာ့ဗိမာန်စာကြည့်တိုက်သို့ စာအုပ်စာစောင်များပေးအပ်လှူဒါန်း
Dec 16,2020
ကျေးလက်နေပြည်သူများအသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်မား‌စေပြီး စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများရရှိ‌စေရန် ရည်ရွယ်၍ယနေ့ နံနက်က ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်စက်စုကျေးရွာ ပညာ့ဗိမာန်စာကြည့်တိုက်သို့
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 16,2020
ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့   နံနက် ၁၀ နာရီက   ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အကြို  ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ် ၁၉ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်‌စေရန် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ  ပါဆယ်စနစ်ဖြင့် ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Dec 16,2020
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များ ပါဆယ် စနစ် ဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို ဒီဇင်ဘာ ၁၆ရက်နေ့ နေ့လယ် (၁)နာရီက
ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign တစ်ပတ်နှစ်ကြိမ်ပြုလုပ်လျက်ရှိ
Dec 16,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်းမ လမ်းဆုံမီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။
လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ