ရန်ကုန်ပြန်ခရီးသည် တင်ဆောင်လာသည့် ယာဉ်များအား သတိပေးတားမြစ်
Dec 08,2020
သဲကုန်းမြို့နယ် အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူများကို တင်ဆောင်လာသည့် မော်တော်ယာဉ်များအား ယမန်နေ့က သဲကုန်းမြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက တားဆီးစစ်ဆေးကာ ရန်ကုန်တိုင်း ဒေသကြီးမှ ပြန်လာသူများကို ခွင့်ပြုချက်မရှိဘဲ တင်ဆောင်လာခြင်း မပြုရန်နှင့် နောက်နောင်တင် ဆောင်လာခြင်းပြုပါကတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။