သတင်းများ

နမ့်စန်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့မ စည်ပင်သာယာဈေး အတွင်း လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Dec 08,2020
ပြန်ကြားရေး၀န်ကြီးဌာန၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာ​စောင်များကိုယ​နေ့နံနက်(၈)နာရီက မန္တလေးတိုင်း​ဒေသကြီး၊​ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက လူစည်ကားရာ​နေရာများနှင့်​မြို့မ​စျေး အတွင်း သွား​ရောက်၍ အခမဲ့ဖြန့်​ဝေ ပေးခဲ့​ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် စျေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း(mask) များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ် အတွင်းရှိ ဟုမ်းလမ်း ဘူတာရပ်ကွက်နှင့် ဝေဠုဝန်(မြောက်)ရပ်ကွက်များအတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ညောင်ဦးဖီးလမ်းကွန်ကရစ်ခင်းခြင်း ၉၀ ရာခိုင်နှုန်းပြီးစီး
Dec 08,2020
မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ အရှည် ၄၂၀ ပေ၊ အကျယ် ၂၀ ပေ ရှိသည့် ညောင်ဦးဖီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေကျပ် ၂၁ သိန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၁)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း Stay At Home ကာလ စည်းကမ်းလိုက်နာမှုများအား တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက်
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay At Home ကာလအတွင်း၊ မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာ များမှပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ကာ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြစ်သားမြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ပေါင်း (၇၉)ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေး
Dec 08,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်