သတင်းများ

မော်လမြိုင်ခရိုင် ရေးမြို့နယ် လမိုင်းမြို့၌ မသန့်စွမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 08,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် လမိုင်းမြို့၌ လူတိုင်းအကျုံးဝင် အဆောက်အဦ ဒီဇိုင်းများ ပေါ်ပေါက်ရေး မသန့်စွမ်းမှုဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားကို လမိုင်းမြို့ အ.ထ.ကကျောင်း တေဇဆောင်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ၌ကျင်းပပြု လုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်အတွင်းရှိ သာသနာ့ဝန်ထမ်း သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 08,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး​​ကျောင်းတိုက်များ အတွင်း သီတင်းသုံးနေထိုင်၍ သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိသော သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Dec 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ကျန်းမာရေး တာဝန်ရှိသူများက မော်တော်ယာဉ် (၁၈၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးခြင်း၊ ပိုးတွေ့သူများနေထိုင် သည့် ရပ်ကွက်များတွင် ပိုးသတ်ဆေးများဖြန်းခြင်း၊ အမှိုက်များကို ပိုးသတ်ပြီးစနစ်တကျ စွန့်ပစ်ခြင်းတို့ကို ပရဟိတအဖွဲ့များက ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဘိုကလေးဈေးနှင့် လင်းစဒေါင်းပျံကျဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Dec 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Dec 08,2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူစည် ကားရာနေရာဖြစ်သော ဈေး၊ ကားဂိတ်နှင့် ဆိုက်ကားဂိတ် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဆောင်းကုလားပဲသီးနှံ စံပြ ကွက်စိုက်ပျိုး
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ဆောင်း ကုလား ပဲသီးနှံ စံပြကွက်အဖြစ် တောင်သူ ဒေါ်သန်းဌေး၏ ယာမြေ (၅)ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ရေဆင်း (၆) ကုလားပဲမျိုး စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှည်းကူးမြို့နယ်ရှိ ငြိမ်းချမ်းရေးပန်းခြံအတွင်း ပြည်သူများ အေးချမ်းစွာ အပန်းဖြေရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ပြည်သူများသို့ မေတ္တာရပ်ခံချက်ဗီနိုင်းများအား တပ်ဆင်ထားရှိ
Dec 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ငြိမ်းချမ်းပန်းခြံအတွင်း ပြည်သူများ အေးချမ်းစွာ အပန်းဖြေရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများသို့ မေတ္တာရပ်ခံချက်ဗီနိုင်းများအား ပန်းခြံအဝင်ရှေ့တွင် တပ်ဆင်ထားကြောင်း သိရသည်။