ကျောက်တံတားမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ
Dec 08,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတများရရှိစေရန် ရည်ရွယ်ကာ အသိပညာပေးလက်ကမ်းစာစောင်များကို အထိမ်းအမှတ်နေ့များနှင့်နေ့ကြီးရက်ကြီးများ တွင် ထုတ်ဝေပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင်ကျရောက်မည့် နှစ်တစ် ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ထုတ်ဝေခဲ့ရာ အဆိုပါလက်ကမ်းစာစောင်များအား ကျောက်တံတားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ ယနေ့ နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။