သတင်းများ

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များရှင်သန်ထက်မြက် စေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ အခမဲ့ဖြန့်ဝေပေးခဲသည်။
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို လူစည်ကားရာ‌ နေရာများ၌ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်ခြင်းကို ယ‌နေ့ နံနက်(၈)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းစံရပ်ကွက်နှင့် မြို့သစ် ရပ်ကွက် များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အနှေးယာဉ်ဂိတ်များတွင် ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့တွင် မှုခင်းကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း လုပ်ငန်းများ ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေရဲစခန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မှုခင်းကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆားချက်ကျေးရွာအုပ်စု၊ သိပ္ပံကုန်းကြီး ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေ
Dec 08,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်၊ စျေးများ၊ ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့ပါသည်။
မအူပင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) ကို ယနေ့ နံနက် ၉ နာရီတွင် ဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ နာရီစင်ဈေး၊ မြို့မဈေး၊ အခွန်လွတ်ဈေးစသည့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား(၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
Dec 08,2020
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်း ကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ယနေ့ နံနက်တွင် မိုးကောင်းကင် ကုန်တင်ယာဉ်မောင်း (၁)ဦးနှင့် ကျော်ဇေယျ ယာဉ်နောက်လိုက်အမျိုးသား (၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ သူပေါင်း (၉)ဦးအထိ ရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများ ဖြစ်သည့် ဧရာဝတီဘဏ်ရှေ့၊ ကားမှတ်တိုင်၊ ဆိုင်ကယ်ကယ် ရီဂိတ်၊ ဈေးတို့ တွင် ပြည်သူများ လက်ဝယ်အရောက် ယနေ့ နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖျားနာကုဆေးခန်းသို့ Oximeter (၅)ခုနှင့် Lunch Box (၂၅)လုံး လာရောက်လှူဒါန်း
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရ ဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက Oximeter (၅)ခုနှင့် Lunch Box (၂၅)လုံး လာရောက်လှူဒါန်းခဲ့သည်။