Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်း၌ ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် ကားအတူစီး ထိစပ်ခဲ့သူ (၉)ဦးအား သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်
Dec 08,2020
ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် မန္တလေးမှအပြန် ကားအတူစီးထိစပ်ခဲ့သူ အသက် (၅၅)အရွယ် အမျိုးသမီးနှင့်၎င်း၏အတူ နေလုပ်ဖော်ကိုင်ဖက် (၉) ဦးအားယနေ့နံနက်ပိုင်းမှစ၍ တကောင်း တိုက်နယ်၊ အင်းနက် အုပ်စု၊ မြိုင်သာယာကျေးရွာ အလက(ခွဲ) စာ သင် ကျောင်း၌ Facility Quarantine Centre ပြုလုပ်၍သီး သန့်ထား ရှိပြီး ကျန်းမာရေးစောင့်ကြည့် မှုများပြုလုပ်လျှက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးရာမှ အုတ်သယ်ကားယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးစခန်းမှ နေ၍ မြို့နယ်အတွင်းဝင် ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၇)ရက်နေ့ က အုတ်သယ်ကား ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချို၌ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ မြို့မစျေးနှင့် လူစည်ကားရာနေရာ များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၈)နာရီအချိန်က ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်ဆုရကျောင်းနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်ဆုရကျောင်းများနှင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မပျက် နေ့စဉ်ဆောင်ရွက်
Dec 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများ နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇) နာရီက ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး ကျန်းမာရေး ကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ခုတင်-၃၀၀ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ) နှင့် ပြည်သူ့အငှား အိမ်ယာ (အိတ်စွပ်) တို့တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး တို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့နံနက် (၁၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27491
Page
27492
Page
27493
Page
27494
Current page
27495
Page
27496
Page
27497
Page
27498
Page
27499
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department