သတင်းများ

သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား ပိုက်ဆံလျှော်သစ်စိမ်း မြေသြဇာပေးအပ်
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်သီကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာတွင် မိုးစပါးရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်
Dec 07,2020
ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအား လျော့ချနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ နှင့် ဇွဲရတနာပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Dec 07,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ဆောင်းသီးနှံဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း
Dec 07,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ဆောင်းသီနှံ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် သန့် (၆) သန့် နှင့် ဆက်နွယ်သည့် ပတ်၀န်းကျင်သန့်ရှင်းမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 07,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင်(CDN-ZOA) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်း၏ ပံ့ပိုးမှုဖြင့် ကိုယ့်အားကိုယ်ကိုးသော
ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယာန်ကျေးရွာ၌ "အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး" ပညာပေး ဟောပြော
Dec 07,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကကြီးမှူး၍ ဒေသခံတိုင်းရင်းသားတို့၏ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် "အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး" ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ကျင်းပသည်။
မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးဆွေးနွေးပွဲနှင့် PP Mobile Application ဖြန့်ဝေ
Dec 07,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ ပိုးမွှား ရောဂါကျရောက်နိုင်မှု တောင်သူပညာပေးဆွေးနွေးပွဲများကို ကျေးရွာ/အုပ်စုများ အရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီး ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် (၅၉) ကြိမ်မြောက် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်
Dec 07,2020
ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများလျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။