သတင်းများ

ငွေဆောင်မြို့၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 08,2020
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)ကို ယနေ့ နံနက် ၇ နာရီက ငွေဆောင်မြို့မစျေးနှင့်အ.ထ.ကငွေဆောင်ကျောင်းရှေ့လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်များတွင် ယာဉ်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွတ်
Dec 08,2020
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ခရမ်းမြို့အဝင် တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
 ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက  လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး၊ ကားဂိတ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပဲဆေးဖျန်းစက်ပြင် သင်တန်းဆင်းပွဲကျင်းပ
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုစားဝတ်နေရေးတွင် တဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကန်ပြောင်ကျေးရွာ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပဲဆေး ဖျန်းစက်ပြင်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရ သည်။
လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်လျက်ရှိ
Dec 08,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည် သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေး၌ လည်းကောင်း၊ ညပိုင်းက မြို့လယ်နာရီစင်လမ်းဆုံ၌လည်းကောင်း ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် က ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် ပြည်သူများသို့ အသိပညာပေး ဖြန့်ဝေ
Dec 08,2020
ရန်ကုန်အနောက်ပိုင်း၊ အလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။