မောက်မယ်မြို့နယ် ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်
Dec 12,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။