သင်္ဃန်းကျွန်းမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲများဖြေဆိုလျက်ရှိ
Mar 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်နိုင်ငံတော်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဆုတောင်းပြည့်ကျိုက္ကစံစေတီဓမ္မဗိမာန်တော်ကြီး၊ မင်္ဂလာဗဟိုမဏ္ဍပ်၊ ပြားတစ်ရာဓမ္မာရုံနှင့် လယ်တီဝိပဿနာကျောင်းတိုက်တို့၌ ယနေ့မွန်းတည့် ၁၂ နာရီက ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသည့် သံဃာတော်၊ သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။